Language :
  • English
  • ဗမာစာ
  • 中文 (中国)

ကျွန်ုပ်တို့အကြောင်း Multimedia Group Ltd.

ကျွန်ုပ်တို့အကြောင်း

Multimedia Group Ltd. ကို ၁၉၉၇ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး တီဗွီ၊ရေဒီယိုကြော်ငြာများကိုလက်ခံပေးတဲ့ မြန်မာနိုင်ငံရဲ့ နှစ်အကြာဆုံးပြည်တွင်းကြော်ငြာကုမ္ပဏီအနေဖြင့်ရပ်တည်လျက်ရှိပါသည်။ ဒါ့အပြင်  နိုင်ငံတကာမှ တီဗွီအစီအစဥ်များပြသခြင်း၊ ပြည်တွင်းအစီအစဥ်များကိုလည်းထုတ်လုပ်ပေးခြင်း၊ event နှင့် music tour ပွဲများစီစဥ်ပေးသည့်ကုမ္ပဏီဖြစ်ပါသည်။

သူငယ်ချင်းတစ်သိုက် တီဗွီကြည့်ပရိသတ်တွေအတွက် ကုန်အမှတ်တံဆိပ်တွေနှင့်အတူတူလက်တွဲလုပ်ကိုင်ရင်း ပြည်တွင်းတီဗွီအစီအစဥ်များကို ထုတ်လုပ်ပြသပေးလိုသည့် ရည်ရွယ်ချက်နဲ့ ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့ပါသည်။ ရုပ်ရှင်မင်းသမီး အိန္ဒြာကျော်ဇင် နှင့် မင်းသား ရီ‌ဝေယံ တို့၏ ရုပ်ရှင်လောကအတွင်း ပွဲဦးထွက်ဇာတ်လမ်းများဖြစ်သည့် အရိပ် နှင့် အနှိုင်းမဲ့ ဇာတ်လမ်းတို့ကို ပရိသတ်ရင်ထဲရောက်အောင်ပို့ဆောင်နိုင်ခဲ့ပါသည်။ ဖျော်ဖြေရေးနယ်ပယ်တိုးတက်လာသည်နှင့်အမျှ တီဗွီကြည့်ပရိသတ်များအတွက် အသစ်အသစ်သော တီဗွီအစီအစဥ်များ ကြည့်ရှုနိုင်ရန်အတွက် နိုင်ငံတကာတီဗွီအစီအစဥ်များကို မြန်မာစာတန်းထိုးဖြင့် ပထမဆုံးစတင် မိတ်ဆက်ပေးခဲ့ပါသည်။ ပြည်သူ့တရားရှင် ပေါင်ချိန် ဇာတ်လမ်းတွဲက လူကြိုက်များရေပန်းအစားဆုံးဖြစ်ခဲ့ပြီး ကုန်အမှတ်တံဆိပ် ပေါင်းများစွာကို ပရိသတ်များသတိပြုမိလာအောင် ရင်ထဲထိရောက်အောင် ပြုလုပ်နိုင်ခဲ့ပါသည်။ တရုတ်ဇာတ်လမ်းတွဲများပြသပြီးနောက် မြန်မာပရိသတ်တို့ရဲ့ ရင်ထဲသို့ ကိုရီးယား လှိုင်းလုံးကြီးမရောက်လာမီ ဂျပန်ဇာတ်လမ်းတွဲများကိုလည်းပြသဖြစ်ခဲ့ပါသည်။ တရုတ်၊ ဂျပန်၊ ကိုရီးယားလှိုင်းလုံးကြီးများကို စီးရင်း အပြိုင်အဆိုင်များပြားလာသည့်အခါမှာ အသစ်အဆန်းတွေကို ရှာဖွေတဲ့အခါမှာတော့ ထိုင်း၊ အိန္ဒိယဇာတ်လမ်းတွဲများ၊ documentary များ၊ ကလေးစီးရီးများကို မြန်မာဘာသာအသံဖြင့် သွင်းပြီးပြသခဲ့ပါသည်။

အေဂျင်စီရဲ့ ရည်မှန်းချက်များနှင့် တန်ဖိုးများကို ချဲ့ထွင်ရန်အတွက် Red Bull ဂီတဖျော်ဖြေပွဲ၊ The Face Men Thailand Myanmar Audition စသည်တို့ကို ဂုဏ်ယူစွာဖြင့် စီစဉ်ဆောင်ရွက်ပေးဖြစ်ခဲ့ပါသည်။