Language :
  • English
  • ဗမာစာ
  • 中文 (中国)

တီဗွီနှင့် ရေဒီယို ကြော်ငြာများ Multimedia Group Ltd.

တီဗွီနှင့် ရေဒီယို ကြော်ငြာများ

တီဗွီကြော်ငြာများ

MWD channel ထုတ်လွှင့်ပြသသည်နှင့် တပြိုင်နက် တီဗွီအသံလွှင့်ရုံနှင့်လုပ်ကိုင်လျက်ရှိသည့် ပထမဆုံးသော ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်ပါသည်။

တီထွင်ဖန်တီးမှုနည်းနည်းနှင့် နာမည်ကျော်မင်းသား၊ မင်းသမီးများကိုအသားပေးသည့် ကြော်ငြာများခေတ်စားသည့်ကာလမှစတင်လုပ်ကိုင်လာခဲ့ရာမှ တီထွင်ဖန်တီးမှုအသစ်များဖြင့် ထိုးဖောက်ကြော်ငြာလာသည့် ယခုခေတ်အထိပင်ဖြစ်သည်။ အရင်ခေတ်တွင် ကုန်အမှတ်တံဆိပ်များသည် ၄င်းတို့၏ တီဗွီကြော်ငြာများကို ပစ္စည်းကို အဓိကထားခြင်းထက် နာမည်ကြီး မင်းသား၊ မင်းသမီးများဖြစ်သည့် ထက်ထက်မိုးဦး၊ ခိုင်သင်းကြည်၊ လွင်မိုးတို့ဖြင့် အဓိကထားကြော်ငြာကြသည်။ တီဗွီပရိသတ်များက မင်းသား၊ မင်းသမီးများ၏မျက်နှာ၊ ကကွက်၊ သီချင်းသံစဥ်များကို ကုန်အမှတ်တံဆိပ်နှင့် တွဲပြီး မှတ်မိနေကြသည့်အတွက် ဖြစ်သည်။

နေပြည်တော်နှင့် ရန်ကုန်တွင် မြန်မာဘာသာဖြင့်ထုတ်လွှင့်သည့် MWD မတိုင်မီ MRTV သည်မြန်မာနိုင်ငံရှိ တစ်ခုတည်းသော နိုင်ငံပိုင် တီဗွီကွန်ယက်တစ်ခုဖြစ်သည်။ ယခုအခါတွင် မြန်မာပြည်တွင် free to air အခမဲ့ တီဗွီရုပ်သံလိုင်းပေါင်း ၂၀ကျော်ရှိနေပြီး MRTV-4, Channel 7, MWD ရုပ်သံလိုင်းများ, 5-Plus, MNTV, Mizzima TV, DVB TV, Fortune TV ကို မြန်မာဘာသာဖြင့်လည်းကောင်း Myanmar International ကို အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း ထုတ်လွှင့်နေပြီဖြစ်သည်။ SKYNET နှင့် CANAL+ Myanmar တို့မှာ အခပေးလိုင်းများဖြစ်ကြသည်။

ရေဒီယို ကြော်ငြာများ

TV ကြော်ြငာသာမက တစ်နိုင်ငံလုံးသို့ ထုတ်လွှင့်နေသည့် ရေဒီယိုကြော်ငြာများကိုလည်း လက်ခံထည်သွင်းပေးသည်။ ၂၀၀၁ ခုနှစ် ရန်ကုန်စီးတီးအက်ဖ်အမ် မတိုင်ခင်ထိ မြန်မာ့အသံသည် မြန်မာနိုင်ငံရှိတစ်ခုတည်းသော ရေဒီယိုအသံလွှင့်ရုံဖြစ်သည်။ ယခုအခါတွင် Mandalay City FM, Padamyar FM, Cherry FM, Bagan FM, Thazin FM စသည့် ရေဒီယိုလိုင်းပေါင်း ၁၀ခုကျော်ရှိနေပြီဖြစ်သည်။